31 October, 2016


Qualcomm Phone များ Block 0 Backup ထုတ်ဖို့အတွက်ပါ။
ဖုန်းထဲမှာ SD Card ထည့်ထား မယ်ဆိုရင် SD Card ထဲမှာ Save ပြီးတော့ SD Card ထည့်မထားရင် Internal ထဲမှာ Save သွားမှာဖြစ်ဖို့ပါတယ်ခင်ဗျာ..

Phone နဲ့ပါတ်သက်တဲ့ Info များကိုလဲ SD Card ထဲမှာ Txt ဖိုင်နဲ့ Save  ပေးထားမှာပါ။

CPU Number
UTC Date 
ဖုန်းမော်ဒယ်နံပါတ်
ဖုန်းဗားရှင်းနှင့် Buildnumber 
root ရှိ/မရှိ တိုကို ဖုန်းအမျိုးအစားတိုင်း စစ်လို့ရပါမယ်။

ှQualcomm အမျိုးအစားဖြစ်ပြီးတော့ Root ရှိမယ်ဆိုရင် Block 0 Back Up ထုတ်လို့ရပါမည်။

Download--> 
  


 တစ်ချို့ဖုန်းများတွင် SD Card ထည့်ထားသော်လဲ Internal ထဲရောက်ပြီးအဆင်မပြေသူတွေအတွက် 
SD Card ထဲရောက်တဲ့ဟာနဲ့ Internal ထဲရောက်တဲ့ဟာနှစ်ခုကိုပါ တင်ပေးလိုက်ပါတယ်ခင်ဗျာ..

Download---> SD Card ထဲဝင်မယ့်ဟာ
            

Download---> Internal ထဲဝင်မယ့်ဟာ


စမ်းသပ်ရန် ဖုန်းအလုံးနဲနေသောကြောင့် အဆင်မပြေတာရှိရင်ပြန်ပြောပေးကြပါဦးခင်ဗျ။်






CR...Aung Ko






အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။






Miracle Box နဲ့ Samsung ကိုတင်လို့ရတယ်လို့ တော့ သိပါတယ်

ဘယ်လို အခြေနေမျိုးမှာ တင်ရမယ်ဆိုတာ တော့ မသိပါဘူး တဲ့

ဟုတ်ပါပြီ.............Samsung တွေကို ,....Odin ကနေပဲ အလွယ်တကူ

တင်လို့ အဆင်ပြေနေတုန်းကလည်း ....Odin မှ Odin ပဲ ဗျာ.... သူကအဆင်

ပြေတယ်လေ......သူ Tool နဲ့ သူ Firmware ပဲလေ......

Firmware တင်နေရင်း.....ကြိုးလဲမပြုတ်......Firmware ဖိုင်လည်း မှန်နေပါလျှက် .............FAIL ........သွားပြီး ဆိုပါတော့.............ဘာလုပ်မလဲ ???

အဖြေကတော့ တစ်ခုထဲပါ.............ဘာလုပ်ရမှာလဲ အေးဆေးပေါ့..

ကိုင်ပေါက် လိုက်မယ်လေ....  :P

မလုပ်ပါနဲ့ ................Odin ကနေ Firmware တင်ရင် ထိုင်ကြည့်နေပါ..

ဘယ် ဖိုင် ကတော့ ရေးပြီးပြီ.....အခုဘာဖိုင်ကို ရေးနေတယ်ဆိုတာ ကြည့်ပါ

ပုံပါပါတယ်..... ( ဥပမာ ) ဆိုကြပါစို့.......Hidden.img နေရာရေးနေတုန်း

FAIL သွားတယ်ဆိုပါတော့... ကျနော်တော့ အဲ့နေရာ မှာ FAIL လို့ ပါ

အာ့ဆိုရင်..............Miracle Box ကိုဖွင့်ပါ............Android ကို သွားပါ...

Samsung ဆိုတာကို ရှာပါ..............ပြီးရင်.....Write Flash ဆိုတာကို အမှတ်ခြစ်ပေးပါ...................

PDA နေရာမှာ.................FAIL တဲ့ Firmware ဖိုင်ကိုရွေးထည့်ပါ......

Model : နေရာ က Auto detect ပါ... Mode : နေရာမှာ Download ပါ

Port : နေရာမှာတော့... ဖုန်းကို ဘက်ထရီထုတ် ပြီးပြန်တပ် Vol - အသံတိုးခလုပ်ရယ်.....Power ခလုပ်ရယ်....Home ဆိုတဲ့....အလည် ခလုပ်ရယ်ပေါ့

Download mode ကိုရောက်ပြီဆိုရင်.... Vol+ အသံချဲ့ ခလုပ်တစ်ချက် နှိပ်ပါ..

ပြီးပြီ ဆိုရင်.....Box ရဲ့.....Port: နေရာ က SCAN ကို နှိပ်ပါ ဖုန်းကို BOX

ကသိပြီဆိုရင်................Display List ဆိုတာ ကို နှိပ်ပါ........... အဲ့ မှာ ဘောက်တစ်ခု ပေါ်လာပါမယ်..............အထဲ မှာ ဖိုင်လေးတွေ အမှန်ခြစ်လေးတွေ ပါပါတယ်..............စောနက Odin နဲ့ တင်တုန်းက FAIL ပြတဲ့ ဖိုင်ကို အမှန်ခြစ်
ဖြုတ်ပြီးရေး ပါ.............

ကျနော်ကတော့..........Hidden.img နေရာမှာ Error တက်တာကြောင့်

Hidden.img ကို ပဲအမှန်ခြစ်ဖြုတ် ရေးပေးထားပါတယ်.......ညီအစ်ကိုတို့

ကတော့.....ဘယ်ဖိုင်တက်မလဲ ကြည့်ပြီး ကိုတက်တဲ့ ဖိုင်ကိုသာဖြုတ်ရေးကြပါ

အိုကေ အမှန်ခြစ်ဖြုတ်ပြီးပြီဆိုရင် နောက်တစ်ခု က တော့.....Update Phone Boot ....ဆိုတာလေးကိုပါ အမှန်ခြစ် ပါ

ပြီးရင် USB Cable အမှန်ခြစ်ပါ................ပြီးတော့ StartButton ပေါ့..

ထိုင်ကြည့်နေလိုက်ပါ..............သူပါသာတင်သွားပါလိမ့်မယ်..........

ပြီးသွားလို့ 100% ဆို Auto Restart ကြသွားပြီးပြန် တက်လာရင်....

အိုကေပြီပေါ့.....













အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။







ပထမဦးဆုံး 7zip Software ကို မိမိ window ပေါ်မူတည်ပြီး ဒီမှာဒေါင်းလိုက်ပါ။ပြီးရင် ကွန်ပျူတာမှာ install လုပ်ပေးပါ။ 
ပြီးရင် မိမိ Firmware ဖြည်မဲ့ tar.md5 ဖိုင်ပေါ်မှာ Right Click ထောက်လိုက်ပါ။ ပေါ်လာတဲ့အထဲကမှ 7zip ကို သွားပါ။ ပြီးရင် Open Archive ကိုနှိပ်လိုက်ပါ။ ( ပုံ ၁ကို ကြည့်ရန် )



ဒါဆိုရင် Firmware ထဲမှာပါတဲ့ ဖိုင်တွေပေါ်လာပါလိမ့်မည်။ မိမိလိုချင်တဲ့ဖိုင်ကို ဆွဲထုတ်ယုံပါဘဲ။ ကျွန်တော်ကတော့ recovery.img ဖိုင်ကို ဆွဲထုတ်ပါမည်။ အဲ့ဒီတော့ recovery.img ဖိုင်ပေါ်မှာ select မှတ်လိုက်ပါသည်။ ပြီးရင် အပေါ်က Extract ကို နှိပ်လိုက်ပါသည်။ ( ပုံ ၂ကို ကြည့်ရန် )


ဒါဆိုရင်တော့ မိမိရဲ့ Firmware Folder အောက်မှာ recovery.img ဖိုင်လေး ရောက်သွားပါပြီ။ ( ပုံ ၃ကို ကြည့်ရန် )


recovery.img ဖိုင်ကိုဘဲ tar ဖိုင်ဆောက်ချင်တယ်ဆိုရင်တော့ recovery.img ပေါ်မှာ Right Click ထောက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Add to archive ကို ရွေးလိုက်ပါ။ ( ပုံ ၄ကို ကြည့်ရန် )


ပီးရင် Archive format နေရာမှာ zip အစား tar လေး ပြောင်းလိုက်ပါ။ ပြီးရင် OK ကို နှိပ်လိုက်ပါ။ ခဏစောင့်လိုက်ပါ။ ပြီးရင် မိမိရဲ့ Firmware Folder ထဲမှာ recovery.tar ဖိုင်လေး သွားတွေ့ရပါမည်။ ( ပုံ ၅ကို ကြည့်ရန် )


recovery.tar ဖိုင်လေး သွားပေါ်သွားပါပြီ။ tar ဖိုင်ကိုလည်း odin ကနေ flash လို့ရပါတယ်။ ဒါကတော့ Firmware ဖိုင်ဖြည်နည်းကို နမူနာ ပြပေးတာ ဖြစ်ပါတယ်။ မိမိကြိုက်သလို ပုံစံမျိုး အသုံးပြုနိုင်ပါသည်။ ( ပုံ ၆ကို ကြည့်ရန် )


PDF ဖိုင်အနေဖြင့် သိမ်းထားလိုပါက ဒီနေရာမှာ ဒေါင်းပေးပါ။ 







အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။




30 October, 2016




















အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။











InFone ရဲ့ official web မှ ပြန်လညမျှဝေပေးခြင်းသား
ဖြစ်သည်။....











အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။








လိုအပ်တဲ့ သူငယ်ချင်း များ ယူနိုင်ပြီး....InFone ရဲ့ official web မှ ပြန်မျှပေးခြင်းဖြစ်သည်။















အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။



29 October, 2016








ပထမတန်းစား စိတ်ဓါတ် - လူထုစိန်ဝင်း













အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။










Categories

Popular Posts

Blog Archive

စာလုံး/အကြီး+ နှင့် -အသေး